阅读:5106回复:0

[语言交流]缅甸新闻

楼主#
更多 发布于:2009-03-23 23:19
ကမ္ဘာရဲ့ အလယ် မြန်မာတို့ ရဲ့ ဂုဏ်ယူဖွယ်

ကျွန်တော်တို့ ရဲ့ စိမ်းလန်းလှပတဲ့ မြန်မာပြည်ကြီးမှာ ကမ္ဘာနဲ့ ချီပြီး ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှပတဲ့ အဖိုးထိုက် တန်တဲ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ၊ သဘာဝ အရင်းအမြစ် တွေ စုံလင်စွာ ရှိပါတယ် ။ ၂၁ ရာစု မှာနည်းပညာ နဲ့  မီဒီယာ ထိုးဖောက်မှု အားနည်းတဲ့ အတွက် ရွှေ မြန်မာပြည်ကြီး ရဲ့ စိတ်ဝင်စား လှပတဲ့ ရှေးဟောင်းအမွေ အနှစ်တွေ သဘာဝဆန်းပြား မှု တွေကေ၀၀ါး တိမ်မြုပ်နေ ခဲ့ပါတယ် ။

မြန်မာပြည်မှာ အနော်ရထာမင်းတရားကြီး ရဲ့ ပုဂံ ရှေးဟောင့်း မြို့ တော် ရှိတယ် ။ ဘုရားရှင်ရဲ့ ဆံတော်ကိန်းဝပ်တဲ့ ရွှေသားအတိပြီးတဲ့ ရွှေတိဂုံစေတီတော်ရှိတယ်။ အင်တာနက်မှာ ကမ္ဘာအရပ်ရပ် က သန်းချီ တဲ့ လူတွေ မဲပေးတဲ့ စနစ် ကို့  New 7 Wonders အဖွဲ့  ကကြီးမှူး ကျင်းပတဲ့ ကမ္ဘာ့ အံ့ဖွယ် ခုနှစ်သွယ် ရွေးချယ် တာရှိပါတယ် ။ ၂၀၀၇ ဂျူလိုင် လ တုန်းက ရွေးချယ်တဲ့ ပွဲမှာ ပုဂံ နဲ့ ရွှေတိဂုံစေတီတော်က ကမ္ဘာ့ အံ့ဖွယ် ရသွယ် ထဲမှာ ပါသင့် ပေမဲ့  electronic vote လုပ်တဲ့ အရေအတွက် နည်းပါးတဲ့ အတွက် မပါခဲ့ရပါဘူး ။မြန်မာပြည်က ရော ကမ္ဘာအရပ်ရပ်က မျိုးချစ်မြန်မာ များရဲ့  electronic vote လုပ်တာနည်းပါး ခဲ့လို့ လဲ ပါပါမယ် ။

ဒီနှစ် ၂၀၀၉ မှာတော့ မြန်မာပြည်က မြိတ်ကျွန်းစု ဟာ ရှားပါးတဲ့ ရေသတ္တ၀ါမျိုးစိတ်တွေ နဲ့ ရှေးဟောင်းသဘာဝ အကျဆုံး ကျွန်းစု အနေနဲ့ ကမ္ဘာက ဆန္ဒမဲပေးထားတာ New 7 Wonders ရဲ့ ကျွန်းများ ဆန်ကာတင်မှာအဆင့် ၂၈ နေရာကို လတ်တလော ရရှိထားပါတယ် ။

最新喜欢:

跨境电商运营iMjmJ.Com跨境电商运营...
游客

返回顶部